ကွမ်းအရွက်များ တွန့်ခြင်းကို ဖြေရှင်းနည်း
ပူလွန်းခြင်း၊ အေးလွန်းခြင်း၊
နေရောင်ခြည်များလွန်းခြင်း၊ နည်းလွန်းခြင်း၊
ရေများလွန်းခြင်း၊ နည်းလွန်းခြင်း စသည်တို့က ဝန်ကျင် ဖိစီးမှုများ ဖြစ်ပါတယ်။ အရွက်များ ပတ်ဝန်းကျင်ကြောင့် ခွက်လျင် ဝန်းကျင်ကို အရင်ပြုပြင်ပေးပါ။
တစ်ခါတစ်ရံ မုတ်သုန်လေအား များလွန်းခြင်းကြောင့် အကာမလုံလျင်လည်း အရွက်များ တွန့်ခွက်တတ်ပါတယ်။ စုပ်စားပိုး ကျလျှင်လည်း တွန့်တတ်ပါတယ်။ ဖြစ်သော အကြောင်းရင်းကို အရင်ရှာပြီး ပြုပြင် မွမ်းမံပေးသင့်ပါတယ်။
ဝန်းကျင်ဖိစီးမှု လွန်ကဲလျင်
ရေသုံးဂါလံလျင်
သကြား ဟင်းစားဇွန်း ခြောက်ဇွန်း
ဆားဆော်ဒါ သုံးဇွန်း
လစ်တိုစင် ၃ စီစီ
ပြန့်ကပ်ဆေး အနည်းငယ်ရောပြီး ဖြန်းပက်ပေးနိုင်ပါတယ်။
စုပ်စားပိုးကြောင့် ဖြစ်လျင် ပိုးကို အရင်ရှင်းသင့်ပါတယ်။
Credit: ဦးညို ကွမ်းစိုက်ပျိုးရေး ရေစကြို
မေတ္တာဖြင့် မျှဝေသည်။
Comments
Post a Comment