ကွမ်းပင်​ အဖျက်​ပိုးနှိမ်​နင်းနည်း

ပိုးစေးနှဲ
*******
(ကွမ်းပင်အတွက် ကြောက်စရာ အကောင်းဆုံးပိုး)

သွင်ပြင်လက္ခဏာ
.........
ဘဲဥပုံ သဏ္ဍာန် ရှိပြီး ရေကို တွန်းကန်နိုင်သော အဖြူရောင် မီလီဖယောင်းလွှာဖြင့် ဖုံးအုပ်ထားပါတယ်။ မေလခန့်မှာ မြေကြီးထဲဥဥပြီး နောက်တစ်နှစ် ဇန်နဝါရီ ဖေဖော်ဝါရီလတွင် အပင်ပေါ်သို့တက်ကာ ဖျက်စီးပါတယ်။ ကျရောက်မှု အများဆုံးအချိန်မှာ ဖေဖော်ဝါရီလမှ မေလအထိ။

ကာကွယ်နှိမ်နှင်းရမည့်ဆေးများ
***************
၁။ ဒယ်လ်တာမက်သရင်း၊ တမာဆီ၊ အဆီဖိတ်၊ အယ်ဖာဆို တီပါမက်သရင်း

၂။ ဒိုဇာ ၇၀ wp နဲ့ Elan ရောဖြန်း။

၃။ ဆပ်ပြာမှုန့် ၃ ဇွန်း ရေသုံးဂါလံ ရောဖြန်း။ နှမ်းဆီ ၃ ဇွန်း၊ ကိုပိုင်ဖော့ 400ec လေးဇွန်း၊ အေမီဒါ 40wp လေးဇွန်း၊ အဘာမက်တင် 1.8 ec လေးဇွန်းရောဖြန်း

၎။ ကျခါစဆိုရင် ကိုဘရာ 30cc +အင်ဖာနိုတစ်ထုပ်။
အရွက်စလိပ်အဆင့်ဆိုရင် ကိုဘရာ 50 cc+ အင်ဖာနိုတစ်ထုပ်။
အရွကိအတော်များများ လိပ်တဲ့အဆင့်ဆိုရင်
ကိုဘရာ 100cc+ အင်ဖာနို တစ်ထုပ် ဖြန်းပေးပါ။
(မိတ်ဆွေများ ပြောပြချက်)

အချို့တွေကတော့ ရေပိုက်ဖြင့် ပြုတ်ကျသည့်အထိ ထိုးဖြန်းပါတယ်။ မည်သည့်ဆေးဖြန်းဖြန်း ဆပ်ပြာထည့်ဖြန်းမှသာ ဆေးအာနိသင် ထိရောက်ပါတယ်။ အကြောင်းက ပိုးဆေးနှဲမှာ ဆေးဒဏ်ခံနိုင်သော ဖယောင်းလွှာဖြင့် ဖုံးအုပ်ထား၍ ဖယောင်းလွှာပေါက်အောင် ဆပ်ပြာရေ သုံးရခြင်းပါ။

ကွမ်းခြံဝန်းကျင် လက်တစ်ကမ်းတွင် မရှိသင့်သည့် ပိုးစေးနှဲ အကျများသည့် အပင်များ - သင်္ဘော၊ မာလကာ၊ ဗူး၊ ခရမ်း၊ သရက်စသည့်

မှတ်ချက်။
ကိုယ်တိုင် အရင်ခေတ်က ကွမ်းပင်မှာ ကြုံခဲ့ဖူးပါတယ်။ ဖျက်ဆီး ကူးစက်အား အလွန်မြင့်ပြီး ကြောက်စရာ ကောင်းလှပါတယ်။ အစပိုင်းမှာ စွဲကပ်သမျှ အညွှန့်၊အရွက်၊ ပင်စည် အားလုံးကိုက်ထုတ်ပြီး ခြံနှင့်ဝေးရာ လွှင့်ပြစ် ဆေးနိုင်နိုင် ဖြန်းပါတယ်။ ပိုးလည်းနိုင်ရော အပင်အား တော်တော်နဲ့ မတက်နိုင်ဘဲ အရွက်တွေ ထွတ်နေခဲ့ဖူးတယ်။ ကွမ်းသမားများ ယခုအချိန် မပေါ့ဆသင့်ပါ။ တချို့ ပိုးစေးနှဲ ကျနေသည်ကိုပင် မသိတာကို လိုင်းပေါ်မြင်နေရလို့ပါ။

ပုံကတော့ သင်္ဘောပင်မှာရှိတဲ့ ပိုးစေးနှဲပုံ ရိုက်ပြထားတာပါ။

Credit:ဦးညိုကွမ်းစိုက်ပျိုးရေးရေစကြို
မေတ္တာဖြင့် မျှဝေသည်။


Comments

Popular posts from this blog

ဖရဲ စိုက်​ပျိုးနည်း

သဘာဝ​ပေါင်းသတ်​​ဆေးပြုလုပ်​နည်း

စပျစ်​စိုက်​ပျိုးနည်း